နေပြည်တော် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်း ကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အား ရွေးချယ်ခန့်အပ်ခဲ့သည်။
ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) အကြီးတန်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က ချီးမြှင့်သော AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award(2024) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီတွင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


