နေပြည်တော် ၃ ဇန်နဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Honey & Happy Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၁၇) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၃) စီး၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၁၂) စီးဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ မြဝတီ-တောင်ငူ-ပုဂံ-ဟားခါး-တမူး-ဂန့်ဂေါ-မကွေး-ကျိုက်ထီးရိုး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂ ရက်အထိ Caravan Tour ခရီးစဉ် (၁၇၀)ခုမှ ခရီးသွားဧည့်သည် (၂၅၁၆) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဟိုတယ်/ခရီး


