အောက်တိုဘာ ၁
တိုယိုတာမော်တော်ကော်ပိုရေးရှင်းက ဩဂုတ်လတွင် ၎င်း၏တစ်ကမ္ဘာလုံးဆိုင်ရာရောင်းအားသည် ယာဉ်အစီးရေ ၈၄၄၉၆၃ အထိရှိရာ ယခင်နှစ်ကထက် ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာကာ ရှစ်လဆက်တိုက် ဝယ်လိုအား တိုးလာသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
ပြည်ပရောင်းအားသည် ယခင်နှစ်ကထက် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ကားအစီးရေ ၇၄၈၆၉၄ စီးရှိကာ ထိုလအတွက် စံချိန်တင် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်တွင် ကားအစီးရေ ၂၂၅၃၆၇ စီးအထိ ရောင်းအား ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးလာကာ မြင့်မားသော အမေရိကန် မော်တော်ယာဉ်အကောက်ခွန်များ သက်ရောက်မှုရှိသော်လည်း ဟိုက်ဘရစ်ကားများအတွက် ခိုင်မာသောဝယ်လိုအားကြောင့် ဖြစ်ကြောင်း ကားထုတ်လုပ်သူက ပြောကြားသည်။
ဆန့်ကျင်ဘက်အားဖြင့် ပြည်တွင်းရောင်းအားသည် ယာဉ်အစီးရေ ၉၆၂၆၉ စီး၊ ၁၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်မှု ဆိုင်းငံ့ထားခြင်းကြောင့် ပို့ဆောင်မှုနှောင့်နှေးကာ ထိခိုက်ခဲ့သည်ဟု တိုယိုတာက ထပ်လောင်း ပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုသည် ၄ ဒသမ ၉ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယမန်နှစ်က ယာဉ်အစီးရေ ၇၄၄၁၇၆ အထိ သုံးလဆက်တိုက် မြင့်တက်ခဲ့သည်။
အမေရိကန်တွင် ထုတ်လုပ်မှုသည် ၁၂၆၀၈၁ စီး ၁၉ ရာခိုင်နှုန်း တိုးလာပြီး ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၇၉၉၀ စီး ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်ဟု ကားထုတ်လုပ်သူက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


