နိုဝင်ဘာ ၅
ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ကျော်ကြားသော အန်ကောဝပ် ရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း တရုတ်ခရီးသွား စုစုပေါင်း ၆၈၄၁၈ ဦး စံချိန်တင်ဝင်ရောက်ခဲ့ရာ ယမန်နှစ် အလားတူကာလက ခရီးသွားဝင်ရောက်မှုထက် ၆၃၅၄၅ ဦး ပိုမိုများပြားလာကြောင်း ယမန်နေ့ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာအတွင်း ယူနက်စကိုစာရင်းဝင် အန်ကောဝပ်သို့ နိုင်ငံတကာခရီးသွားများ လာရောက်မှုတွင် တရုတ်နိုင်ငံသည် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်နိုင်ငံတို့ပြီးလျှင် စတုတ္ထအများဆုံးဖြစ်ကြောင်း နိုင်ငံပိုင် အန်ကောဝပ် အင်တာပရိုက်စ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အနောက်မြောက်ဘက်ဆီယမ်ရိပြည်နယ်တွင်တည်ရှိသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် အရှေ့တောင်အာရှတွင် အကျော်ကြားဆုံးခရီးသွားနေရာဖြစ်ပြီး ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခု ရှိသည်ဟု သိရသည်။
ထိုဉယျာဉ်သည် ယခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၇၁ ခုမှ နိုင်ငံခြားခရီးသွား ၇၆၅၅၁၈ ဦးဝင်ရောက်မှုရှိရာ လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၇ သန်း ရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


