နိုဝင်ဘာ ၁၃

အိန္ဒိယလေကြောင်းလိုင်း IndiGo သည် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုပြည်နယ် ဆီယမ်ရိမြို့အကြား တိုက်ရိုက်ပျံသန်းမှုများကို ယနေ့စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီး က ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါအိန္ဒိယလေကြောင်းလိုင်းတစ်ခုက နှစ်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

ထိုလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ IndiGo သည် ၎င်း၏ Airbus A320neo လေယာဉ်ကို အသုံးပြု၍ သီတင်းပတ်တစ်ပတ်လျှင် သုံးကြိမ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့တိုင်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီယမ်ရိမြို့သည် ကမ္ဘောဒီးယား၏ အကျော်ကြားဆုံး ခရီးသွားနေရာဖြစ်သော ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိရာ ဒေသဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို