နိုဝင်ဘာ ၁၀

ကမ္ဘောဒီးယားနိုင်ငံသည် ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုမှလွတ်လပ်ရေးရရှိခဲ့သည် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယမန်နေ့က ဂုဏ်ပြုကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နိုင်ငံ၏ဘုရင် နိုရိုဒွန် သီဟာမိုနီ၊ ဝန်ကြီးချုပ် ဟွန်မာနက်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်ချု ဟွန်ဆန်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွမ်ဆူဒရီတို့ တက်ရောက်ခဲ့ကြသည်။

မြို့တော်ဖနွမ်းပင်ရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်တွင် တစ်နာရီကြာကျင်းပသောအခမ်းအနားသို့ တက်ရောက်သောဂုဏ်ပြုသူထောင်ပေါင်းများစွာထဲတွင် နိုင်ငံခြားသံတမန်အဖွဲ့များမှ ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။

ထိုအခမ်းအနားကျင်းပစဉ်အတွင်း သီဟာမိုနီသည် လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်အတွင်း အောင်ပွဲခံမီးထွန်းခဲ့သည်ဟု သိရသည်။

အခမ်းအနားပြီးဆုံးချိန်တွင် လွတ်လပ်ရေးနှင့် လွတ်လပ်မှု၏ သင်္ကေတအဖြစ် ခိုများနှင့် မိုးပျံပူဖောင်းများကို လွှတ်တင်ခဲ့ကြောင်းဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ပြင်သစ်အုပ်ချုပ်မှုနှစ် ၉၀ ကြာပြီးနောက် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို