ဖနောင်ပင် အောက်တိုဘာ ၂၀

ကလေးများကို ယာဉ်တိုက်ခံရမှုနှင့် ရေနစ်သေဆုံးမှုမှ ကာကွယ်ရန် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် မိတ်ဖက်အဖွဲ့များ၏  ပံ့ပိုးကူညီမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် အောက်တိုဘာ ၂၀ ရက်က အမျိုးသားအဆင့် စည်းရုံးလှုံ့ဆော်မှုနှစ်ခုကို ပြုလုပ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင်   ယာဉ်တိုက်ခံရမှုနှင့် ရေနစ်သေဆုံးခြင်းသည် ကလေးသေဆုံးမှုနှုန်း အများဆုံးဖြစ်စေသည့် အဓိကအကြောင်းရင်းနှစ်ခုဖြစ်ပြီး နှစ်စဉ်ကလေးထောင်ပေါင်းများစွာ ဤနည်းဖြင့် သေဆုံးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တစ်နှစ်တည်းတွင် ယာဉ်တိုက်ခံရမှုကြောင့် ကလေး ၁၅၉၀ ခန့်သေဆုံးခဲ့ပြီး  ယင်းက တစ်နေ့လျှင်   ပျမ်းမျှအားဖြင့်  ငါးဦးနှုန်းခန့်ဖြစ်နေကြောင်းနှင့် ဒဏ်ရာရရှိသူပေါင်း ၄၅၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင်  ကမ္ဘောဒီးယားနိုင်ငံတွင်  နှစ်စဉ်ကလေးငယ်ပေါင်း ၁၃၀၀ ခန့် ရေနစ်သေဆုံးလေ့ရှိသောကြောင့်  အရေးပေါ် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆင်ဟွာ