အောက်တိုဘာ ၂၁
ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း နိုင်ငံတကာလေဆိပ် ၃ ခုသို့ ပြည်တွင်းနှင့် ပြည်ပလေကြောင်းလိုင်း ၃၂ ခုသည် ပျံသန်းမှုပေါင်း ၄၇၆၃၇ ခုရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း နိုင်ငံတော်အတွင်းဝန်ရုံး အက်စ်အက်စ်စီအေ(SSCA) က ထုတ်ပြန်ခဲ့သည်။
အဆိုပါကာလအတွင်း လေကြောင်းကုန်စည် ပို့ဆောင်မှုပမာဏ တန်ချိန် ၆၄၅၁၃ အထိ ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်တွင် လေကြောင်းခရီးသွား ၇ ဒသမ ၅သန်းခန့် ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ခုနှစ်က ခရီးသွားဝင်ရောက်မှု ၆ ဒသမ ၂၄ သန်း ထက်တိုးလာမည်ဟု အက်စ်အက်စ်စီအေ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်အသုံးပြုခဲ့သည့် စီရမ်ရိအန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သော တီချိုအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သည် နိုင်ငံတကာလေကြောင်းလိုင်းများနှင့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


