နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည်  ကမ်းလွန်လုပ်ကွက်အမှတ် M-9 Geophysical Site Investigation(GSI) and Pipeline Survey လုပ်ငန်းများကို R/V PTSC Researcher (Call Sign: 3WJZ) ရေယာဉ်ဖြင့် M9 west well#1 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၀ မိနစ် ၁၄ ဒသမ ၃၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၆ မိနစ် ၁၃ ဒသမ ၇၄ စက္ကန့်၊ M9 west well#2 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၉ မိနစ် ၅၅ ဒသမ ၃၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၇ မိနစ် ၅၃ ဒသမ ၇၇ စက္ကန့်၊ M9 west well#3  မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃ မိနစ် ၀၈ ဒသမ ၁၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၁ မိနစ် ၅၄ ဒသမ ၂၂ စက္ကန့်၊ M9 west well#4  မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၀ မိနစ် ၂၆ ဒသမ ၈၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၃ မိနစ် ၅၅ ဒသမ ၉၆ စက္ကန့်၊ Zawtika-14 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀ ဒသမ ၁၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅ ဒသမ ၅၂ စက္ကန့်၊ Zawtika-15  မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄ ဒသမ ၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅ ဒသမ ၄၁ စက္ကန့်၊ Zawtika-17 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂ ဒသမ ၇၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃ ဒသမ ၅၈ စက္ကန့်၊ Zawtika-20A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၆ မိနစ် ၂၇ ဒသမ ၀၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၅ မိနစ် ၁၂ ဒသမ ၉၅ စက္ကန့်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးအပတ်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ပထမအပတ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင် ဧရိယာမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)