ကင်ရှာဆာ စက်တင်ဘာ ၁၅
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကာဆီပြည်နယ်၌ အီဘိုလာရောဂါ ကူးစက်မှုများတွေ့ရှိရသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ယခု ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးလုပ်သားများနှင့် ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အီဘိုလာရောဂါ ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် ဗူလာပီဒေသတွင် ကာကွယ်ဆေးအလုံး ၄၀၀ ကို ထိုးပေးခဲ့သည်။ ကန်ဆီပြည်နယ်တွင် စက်တင်ဘာ ၄ ရက်က အီဘိုလာရောဂါကူးစက် မှုများ တွေ့ရှိခဲ့ရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အာဖရိကကူးစက်ရောဂါ ထိန်းချုပ်ရေး စင်တာ တာဝန်ရှိသူ ယွန်ကက်ဆီရာက ပြောကြားသည်။
လက်ရှိအချိန်တွင် အီဘိုလာရောဂါ ထပ်မံကူးစက်မှုများတွေ့ရှိနေရပြီး ကျန်းမာရေးစနစ်အား စိန်ခေါ်မှုများဖြစ်ပွားနေကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


