ဂိုမား အောက်တိုဘာ  ၂၇

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း တောင်ကိဘုပြည်နယ်၏ မြို့တော် ဘူကာဘု၌ အောက်တိုဘာ ၂၆ ရက်ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားသဖြင့် ၁၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

မီးလောင်မှုကြောင့်  နေအိမ်အတွင်း ၁၄ ဦး ပိတ်မိခဲ့ပြီး နေအိမ်လှေကား မီးလောင်သွားသဖြင့် ထွက်ပြေး၍ မရနိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့်     အများအပြားဒဏ်ရာရရှိသဖြင့်   လက်ရှိတွင် မြို့အတွင်း ဆေးရုံများ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ၌ နေအိမ် တစ်ဒါဇင်ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။                                

ဆင်ဟွာ