နိုဝင်ဘာ ၁၇
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် တံတားပြိုကျမှုဖြစ်ပွားပြီးနောက် ကြေးနီတွင်းတစ်ခုတွင် လူ ၃၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
နိုင်ငံတောင်ပိုင်း Lualaba ပြည်နယ် ကာလန်ဒိုသတ္တုတွင်းပြိုကျမှု နိုဝင်ဘာ ၁၅ ရက်ကဖြစ်ပွားပြီးနောက် ယခုအချိန်အထိ ၃၂ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း ယင်းပြည်နယ်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုအန္တရာယ်ကြောင့် ထိုနေရာသို့ ဝင်ရောက်ခွင့်ကို တင်းကျပ်စွာတားမြစ်ထားသော်လည်း တူးဖော်သူများသည် ယင်းကျောက်ကျင်းအတွင်းသို့ အတင်း ဝင်ရောက်ခဲ့ကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


