ရန်ကုန်    စက်တင်ဘာ    ၉

စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၉ ရက်က စင်ကာပူနိုင်ငံရှိ ဂျလန်ဘီဆာကွင်း၌ ကွင်းပိတ်ခြေစမ်းပွဲကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။

နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းမှုအရ ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ရလဒ်ပိုင်းသာ ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် စင်ကာပူအသင်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ခြေစမ်းပွဲကစားပြီးနောက် ၁၀ လဝန်းကျင်အကြာတွင် ခြေစမ်းပွဲထပ်မံကစားခြင်းဖြစ်ပြီး ယခုအကြိမ်  တွေ့ဆုံမှုတွင် သရေကျခဲ့သည်။

မြန်မာအသင်း   ပွဲထွက်လူစာရင်းတွင်    ဇင်ညီညီအောင် (ဂိုး)၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ နန္ဒကျော်၊ သီဟထက်အောင်၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ ဟိန်းဖြိုးဝင်း၊ သီဟဇော်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ ပါ၀င်ခဲ့ပြီး ဒုတိယပိုင်းအစတွင် သက်ဟိန်းစိုး၏ ဂိုးဖြင့် ဦးဆောင်နိုင်ပြီးမှ ချေပဂိုး ပြန်ပေးခဲ့ရခြင်းဖြစ်သည်။

မြန်မာနှင့် စင်ကာပူအသင်းသည် အောက်တိုဘာလတွင် ယှဉ်ပြိုင်ရမည့် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲကစားခြင်းဖြစ်သည်။   

သတင်း-ထွဏ်းသွေးအိမ်၊ ဓာတ်ပုံ-FAS