ကွန်ဟိန်းနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၂၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၆ ရက် ညနေ ၆ နာရီတွင် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာ အနီးတွင် မိုင်းပျဉ်းဘက်မှ ကာလိဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီလိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၁၂ ဒသမ ၇ ကီလိုလည်းကောင်း၊ အလားတူ ဧပြီ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကျူရုံးကွက်သစ်ရှိ စိုင်းနောင့် (ခ) စိုင်းခေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်