ကြံခင်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ချင်းမြှောင်ပညာရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ပြုဝမ်းသာ ပီတိစကားပြောကြားသည်။ ၁၉၆၄ မှ ၁၉၈၈ ထိ လူရည်ချွန်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့် (တက္ကသိုလ်စိုးစံ)မှ လူရည်ချွန်ဂုဏ်ပြုပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်
ဆက်လက်၍ ဂုဏ်ပြုပွဲကို ဆက်လက်ကျင်းပရာ ကျောက်တိုင် ကျောင်းတိုက်ဆရာတော်နှင့် ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Asia Square Power Group Co., Ltd. ဥက္ကဋ္ဌ ဒေါ်မိမိခင်နှင့် Mother သောက်ရေသန့်လုပ်ငန်း ရှင်၊ ဖြိုးစည်သူကုမ္ပဏီနှင့် မြို့နယ်အတွင်း လုပ်ငန်းရှင်များက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကြံခင်းမှ Grade-12 နှင့် Grade- 10 တို့တွင် နှစ်ကြိမ်တိုင်တိုင် လူရည်ချွန်ရရှိခဲ့သော မောင်စစ်သွေးညီနှင့် Grade-11 နှစ်ထပ်ကွမ်းလူရည်ချွန် မအိမ့်ချစ်သဲနှင့် Grade-10 လူရည်ချွန် မခွန်းချိုသာဇော်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ချင်းမြှောင်မှ Grade-12 နှင့် Grade-10 တို့တွင် နှစ်ကြိမ်တိုင် လူရည်ချွန် ရရှိခဲ့သော မမြတ်ထူးထူးနိုင်နှင့် Grade-9 လူရည်ချွန် မောင်သော်ဇင်လင်း၊ အခြေခံပညာအထက်တန်းကျောင်း(ဘက်ရဲ)မှ Grade-10 လူရည်ချွန် မောင်လင်းလင်းဘုန်းလူနှင့် Grade-9 လူရည်ချွန် မယောဟဏီသွင် ခုနစ်ဦးတို့အား ဂုဏ်ပြုဆုများနှင့် လက်ဆောင်ပစ္စည်းများ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


