ကျွန်းလှ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၇၆၉၇၈ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး လျာထားချက်ထက် ၂၆၈၂ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ စိုက်ပျိုးပြီးသော သီးနှံမျိုးစုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်ရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ပေါင်းမြက်ကင်းရှင်းခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျ အချိန်ကိုက်သုံးစွဲခြင်း စသည့် စိုက်ပျိုးဆိုင်ရာ နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံမျိုးစုံ စိုက်ပျိုးမှုအဖြစ် စပါးဧက ၃၄၀၉၉ ဧက၊ ပဲမျိုးစုံ ဧက ၁၆၉၆၀၊ ဆီထွက်သီးနှံ ၇၃၂၄ ဧက၊ အခြားသီးနှံ ၁၉၇၂၈ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


