ရန်ကုန် ၁၃ ဖေဖော်ဝါရီ
ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ(သန်လျင်)နှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကင်ဆာရောဂါ ကာကွယ်ရေးအတွက် အခမဲ့စမ်းသပ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ချမ်းမြေ့မေတ္တာဆေးရုံ ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ(သန်လျင်)၏ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်သောင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအကြောင်း သိကောင်းစရာများကို ဒေါက်တာဦးမိုးကျော်နိုင်က ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများကို ပါမောက္ခ ဒေါက်တာရင်ရင်ဇော်၊ ရင်သားကင်ဆာအကြောင်း သိကောင်းစရာများကို ဒေါက်တာနယ်လီခင်သန်းအေး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်းကို ဒေါက်တာဝင်းလဲ့ခိုင်ထိုတို့က အသီးသီးပညာပေး ဟောပြောကြပြီး အခမဲ့စစ်ဆေး စမ်းသပ်ပေးကြသည်။
ထို့နောက် ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံ(သန်လျင်) ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ဇနီး ဒေါ်မိမိတင်တို့က ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းသို့ အလှုငွေကျပ် (၂၅)သိန်း ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
သန်းဝင်း (သန်လျင်)


