မကြာသေးမီရက်များက ဝန်ထမ်းအိမ်ရာများသို့ အစိမ်းဝတ် ကျန်းမာရေး ဝန်ထမ်းတစ်ဦး။ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးများ လိုက်လံဝေငှ နေသည်ကိုတွေ့ရသည်။ အိမ်ရှိလူဦးရေကိုမေးပြီ။ အသက်အရွယ်အလိုက် သောက်ရမည့်ဆေးထုပ်များပေးသွားသည်။ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဌာနမှအိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှ တိုက်ကျွေးနေခြင်းပင်ဖြစ်သည်။
ဆင်ခြေထောက်ရောဂါသည် သာမန်မျက်စိဖြင့်မမြင်နိုင်သည့် သွေးကြောထဲတွင်နေထိုင်သော သန်ကောင်ပိုးအမျိုးအစာ။ ရောဂါပိုးကြောင့် ဖြစ်ပွားပြီး၊ အညိုရောင်ရှိသောခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်ကာ ယခုကဲ့သို့ မိုးရာသီကာလတွင် အဖြစ်များသည်။ ဆင်ခြေထောက်ရောဂါပို။ သယ်ဆောင်ခြင်သည် ရေပုပ်ရေသိုးများ၊ ရေစီးရေလာမကောင်းသည့် ရေမြောင်းပုပ်များ၊ ရေဆိုးကျင်းများ၊ မလုံခြုံသောမြေအောက်မြောင်းများ။ တွင် ပေါက်ပွားတတ်သည်။
ရောဂါလက္ခဏာများအနေဖြင့် ချမ်းတုန်ဖျားခြင်း၊ ယားယံ၍အင်ပျဉ် ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ချောင်းဆိုးရင်ကျပ်ခြင်း၊ အကျိတ်များရောင် ခြင်။ လှေ။စေ့များရောင်ခြင်း၊ အောင့်ခြင်း၊ နာခြင်း၊ ခြေလက်များနီရဲပူလောင်ရောင်ရမ်း၍ နာခြင်း၊ ဆန်ဆေးရေကဲ့သို့ အဖြူရောင်ဆီးပျစ်ပျစ်သွားခြင်း ဆီးထဲသွေးပါခြင်းစသည့် လက္ခဏာများရှိပြီး တချို့လူနာများတွင်ရောဂါပို ရှိနေသော်ည်း ရောဂါလက္ခဏာမပြဘဲ ငုပ်နေတတ်သည်။ ရောဂါသက်ရင့်လာပါက ခြေ၊ လက်၊ ရင်သားစသည်တို့ တစ်ဖက်တည်။ သို့မဟုတ် နှစ်ဖက်စလုံးကြီးလာပြီး နောက်ဆုံးတွင် ဆင်ခြေထောက်ကဲ့သို့ဖြစ်လာ ကြောင်းသိရသည်။
လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့်ရင်ဆိုင်နေရသည်။ ကူးစက်မှုများကရပ်တန့်မသွားသေးဘဲ သေဆုံးမှုများ၊ ရှိနေဆဲပင်း၊ ကာကွယ်ကုသဆေးများမပေါ်သေးဘဲ ကူးစက်မှုကာကွယ်ရေ။ နည်းလမ်းများကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းသွားလာမှုများ စီးပွားကုန်သွယ်မှုများ ရပ်တန့်ထားရသည်။ ခရီးသွားလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရပ်တန့်နေသောကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ခြောက်ဦး ရှိသည်။ လက်ရှိအချိန်တွင် ပြည်တွင်းကူးစက်မှုများ မရှိသော်ည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးရှာဖွေတွေ့ရှိမှုများက ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်ကမ်းသတ်မှတ်ချက်များနှင့်အညီ သတိထားသွားလာနေထိုင်ကြရန် အမြဲမပြတ်သတိပေးလျက်ရှိသည်။ ထိုကဲ့သို့သောအခြေအနေတွင် အခြားရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုခံယူပြီး မိမိတို့ ကိုယ်တိုင်လည်း ကျန်းမာရေးအသိဖြင့် နေထိုင်ရမည်ဖြစ်သည်။
မိုးရာသီကာလတွင် အထက်ပါဆင်ခြေထောက်ရောဂါအပြင် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများသာမက အစားအသောက်မှတစ်ဆင့်ဖြစ်တတ်သော မှိုအဆိပ်သင့်ရောဂါကိုလည်။ သတိထားရမည်ဖြစ်သည်။ ယခုကာလဈေးများတွင် ရာသီမှိုများရောင်းချ လျက်ရှိသည်။ မှိုများတွင် အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစာ၊ များရှိသကဲ့သို့ အဆိပ်ရှိသောမှိုများစွာရှိသည်။ ပြင်းထန်စွာအဆိပ်သင့်စေသောမှိုကိုစားသုံးမိပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပေါ်နိုင်သဖြင့် မိမိတို့မစားဖူးသောမှိုမျိုးကို မဝယ်ယူခြင်းဖြင့်ကာကွယ်ရမည်ဖြစ်သည်။
“မိမိတို့၏နေ့စဉ်နေထိုင်မှုဘဝတွင် ကျန်းမာရေးနှင့်အညီ ညီညွတ်မျှတ စွာ စားသောက်နေထိုင်ခြင်းသည် လူတိုင်းရရှိနိုင်သည့် အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုပင်ဖြစ်ပါသည်။ ရောဂါဖြစ်ခါမှ ဆေးရုံဆေးခန်းသွာ။ ခြင်းထက် မိမိတို့ကိုယ်တိုင်က ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရှိဖြင့် စားသောက်နေထိုင်ရင်း ကျန်းမာရေးဌာနမှ အခါအားလျော်စွာ ဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။


