ကံမ စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် တောင်သူများ၏ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကံမမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။

 

မိုးစပါး ၂၄၂၆၂ ဧကအပေါ်တွင် အောင်နိုင်တိုး ၃၀၃၃ ဧက၊ ရေဆင်းပေါ်ဆန်း(၁) ဧက ၄ဝ၊ မနောသုခ ၄၂၃၆ ဧက၊ ဆာဖိုးသာ ၅၀၆၅ ဧကနှင့် မှော်ဘီ(၂) ၁၁၈၈၈ ဧက စိုက်ပျိုးထားပြီး ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် သိပ္ပံနည်းကျ စိုက်နည်းစနစ် ပေါင်ပျိုးအပါအဝင် တိုက်ရိုက်အစေ့ချ ကိရိယာများ၊ ကောက်စိုက်စက်များဖြင့် အသုံးပြုစိုက်ပျိုးထားရှိသည်။

 

ယခင်နှစ် နွေစပါးရာသီတွင် စိုက်ဧက ၂၀၂၉ ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၁၁၈ ဒသမ ၇၉ တင်းနှုန်း ထွက်ရှိခဲ့ပြီး ယခုနှစ်မိုးရာသီတွင် အထွက်နှုန်းကောင်းမွန်းစေရန်အတွက် သွင်းအားစုဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး မိုးစပါးစိုက်တောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

လင်းခန့်