ကြည့်မြင်တိုင်နှင့်ကွန်ဟိန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၄ ရက် မွန်းလွဲ ၃ နာရီတွင်  ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်(အနောက်) ရပ်ကွက်၊ ဈေးကြီးလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမီမီအောင် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂,၀၀၀  ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲတွင်   ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၁)၊ နားခေါက် လမ်းနေ စိုင်းပန်တိ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၆၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၁၄၅ ကီလိုနှင့် ငွေကျပ် ၃၃ သိန်း ကို သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား