ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်တိုင်းရင်းသားကျေးရွာ၌ ကျင်းပမည်

 

 

ရန်ကုန် ဇန်နဝါရီ ၉

 

၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။

 

ကရင်နှစ်သစ်ကူးပွဲတွင် ကရင်ရိုးရာ လက်ဝှေ့သမားလေးများ ယှဉ်ပြိုင်ကစားနိုင်ရန် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိကလပ်နှင့် GYM အသီးသီးမှ လက်ဝှေ့သမားလေးများ လာရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး တွဲဆိုင်း ၁၀ ဆိုင်းကျော် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ဦးချစ်ကိုကိုကပြောသည်။

 

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အထူးစိန်ခေါ်ပွဲများနှင့် မျိုးဆက်သစ်စိန်ခေါ်ပွဲများ၊ ဝါသနာရှင်စိန်ခေါ်ပွဲများ ပါဝင်ပြီး ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် တွဲဆိုင်းများတွဲပေးမည်ဖြစ်ကာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

လင်းရာမ