ဘားအံ ၂၀ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ပေးပို့သည့် မြေယာတိုင်ကြားစာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များက မြေယာတိုင်ကြားစာမျာနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း မြေယာတိုင်ကြားစာအရေအတွက် အမှုတွဲပေါင်း ၂၂၈ မှုတွင် ၂၁၆ မှု ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကာ အမှုတွဲပေါင်း ၁၂ မှုသာ ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိကြောင်း ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


