ဘားအံ ၁၀ ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ဦးစီးပြီး ဦးစီးအရာရှိ(ပထမတန်း) ဒုရဲမှူးကြီး ကံဝင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး နသန်းဝင်း၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သက်လင်းဦးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ မိစားစုဝင်များပါဝင်သော အဖွဲ့များဖြင့် ဘားအံမြို့၊ အ.ထ.က(၄) ကျောင်းတွင်လည်းကောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးသက်၊ ဘားအံမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်တို့ ဦးစီးသည့်အဖွဲ့ ဘားအံမြို့ အမိတာရာမ ရဲကျောင်းတိုက်တွင်လည်းကောင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

11111111111111

 

ထို့အတူ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၏ လမ်းညွှန်မှုဖြင့် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နိုင်နိုင်ထွန်း၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်း၊ ဖာပွန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းအောင်တို့က အနီးကပ်ကြပ်မတ်၍ မြို့နယ်အလိုက်မှ မြို့နယ်ရဲတပ်ဖွဲ့မှူးများဦးစီးသော ရဲတပ်ဖွဲ့ဝင်အရာရှိ (၁၂၂)ဦး အခြားအဆင့် (၂၈၄)ဦး  စာရေးဝန်ထမ်း(၁၅)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု (၇၄)ဦးအပါအဝင် စုစုပေါင်းအင်အား (၄၉၅)ဦးတို့ဖြင့် ကရင်ပြည်နယ်အတွင်းရှိ အများနှင့်ဆိုင်သော နေရာ ၁၄ နေရာ၌  ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

 

မင်းသူ(ဘားအံ)

 

333300