ကသာ ၂၄ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ဖက်ဆွတ်သစ်တောကြိုးဝိုင်းနှင့် အောင်ပုံသစ်တောကြိုးဝိုင်းအတွင်းရှိ တန်းဝင်သစ်ပင်များနှင့် အခြားသစ်ပင်များ သစ်မှောင်ခိုများမှခုတ်လှည်း၊ ခိုယူသယ်ဆောင်နှိုင်ခြင်းမရှိရလေအောင် သယ်ဆောင်နိုင်မည့် လမ်းကြောင်းများအား ကသာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွဏ်း ဦးဆောင်သောအဖွဲ့မှ စက်ယန္တရားကြီများဖြင့် ကျင်းတူးခြင်း၊ လမ်းကြောင်းဖျောက်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

image-0-02-03-bc8b98

 

ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ သစ်တောကြိုးဝိုင်းအတွင်း သယ်ယူရာလမ်းကြောင်းများရှိနေပါက သစ်မှောင်ခိုများအနေဖြင့် အလွယ်တစ်ကူ သွားလာသယ်ယူနိုင်မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ သယ်ဆောင်နိုင်သောလမ်းကြောင်းများအား ကြိုတင်ဖျက်ဆီးထားခြင်းအားဖြင့် သစ်မှောင်ခိုသမားများအတွက် အဟန့်အတားတစ်ခုဖြစ်နေပြီး သစ်ခိုးထုတ်မှု လျော့နည်းသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ၏ ပြောပြချက်အရ သိရသည်။

 

  လူအောင်(ကသာ)

 

image-0-02-03-be8f09