ကသာ ၂၂ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၁၀နာရီတွင် ကသာမြို့ လမ်းမတော်လမ်း၊အမှတ်(၁) အခြေခံပညာမူလတန်း လွန်ကျောင်းရှေ့တွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်၊ မြို့နယ်ကော်မတီဝင်များ၊ စည်ပင်သာယာကော်မတီဝင်များနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကသာမြို့နယ်စာပေပြန့်ပွားရေးအဖွဲ့မှ ကသာမြို့နေပြည်သူများနှင့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသူ/ကျောင်းသား များအနေဖြင့် စာအုပ်စာစောင်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူဖတ်ရှုနှိုင်မှာဖြစ်ပြီး ဗဟုသုတ ပိုမို တိုပွားလာစေရန် ရည်ရွယ်၍  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။


ယင်းစာအုပ်ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံအတွင်းရှိ စာပေတိုက်အချို့မှ ဗဟုသုတဖြစ်ဖွယ် စာအုပ်၊ စာစောင်များကို ရွေးချယ်၍ ခင်းကျင်းပြသထားပြီး ဖေဖော်ဝါရီ၂၂ ရက်မှ ၂၆ ရက် အထိ ငါးရက်တိုင် ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။


လူအောင်(ကသာ)

 

123