ကျုံပျော်မြို့နယ်၌ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ကျား (၁) ဦး၊ မ(၁) ဦး ပျက်ကွက်ပြီး သင်္ချာဖြေဆိုနေ့တွင် ထပ်မံပျက်ကွက်မှုမရှိ

ကျုံပျော် ၈  မတ် 


၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် ကျုံပျော်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၃၆၀၆ ဦး စာရင်းပေးသွင်းထားပြီး ပထမဆုံးမြန်မာစာ ဖြေဆိုသည့်နေ့တွင် ကျား(၁၄၁၆) ဦး၊ မ(၁၉၄၀)ဦး စုစုပေါင်း (၃၃၅၆) ဦးဝင်ရောက်ဖြေဆိုခဲ့ကာ ၂၅၀ ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။


အင်္ဂလိပ်စာ ဖြေဆိုသည့်နေ့တွင် ကျား ၁ ဦး၊ မ ၁ ဦး ထပ်မံပျက်ကွက်ခဲ့ပြီး စုစုပေါင်း (၃၃၅၄) ဦး ဝင်ရောက်ဖြေဆိုကြကာ သင်္ချာဖြေဆိုသည့်နေ့တွင် ထပ်မံပျက်ကွက်မှု မရှိကြောင်း၊ (၃၃၅၄) ဦးစလုံး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ကျုံပျော်မြို့နယ် အနေဖြင့် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန (၁၅)ခုဖြင့် စစ်ဆေးဆောင်ရွက်ပေးလျှက်ရှိပြီး၊စုစုပေါင်းဖြေဆိုရာနှုန်း (၉၃ ဒသမ ဝ၁)ဖြစ်ကာ၊ ဖြေဆိုသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်မှတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN