ကျုံပျော် ဒီဇင်ဘာ ၈

 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။

 

ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အလုပ်ရုံ‌ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ မစတင်မီနှင့် ရွေးကောက်ပွဲ ပြီးစီးသည်အထိ ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)