၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(က) ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း - ဩရိဿပြည်နယ်တောင်ပိုင်း) ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေကို ဂိုလ်ပါပူမြို့ (Gopalpur)အနီးမှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ချက်တစ်ဂတ်ပြည်နယ်တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

 

(ခ) ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်းဖြစ်ပါသည်။

 

Crd> မိုး/ဇလ