ရန်ကုန် ၂၅ ဖေဖော်ဝါရီ
ကူဝိတ်နိုင်ငံ၏ (၅၈)နှစ်မြောက် အမျိုးသားနေ့နှင့် (၂၈)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Yangon Hotel ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီးဒေါ်ခိုင်နွယ်ဦး တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံသီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ သံတမန်များအဖွဲ့ နာယက မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Pehin Orang Kaya Seri Pahlawan Colone(R) Dato Paduka Haji Abdu’r Rahmani bin Dato Paduka Haji Basir ၊ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Adel Al Adgham တို့က ကူဝိတ်နိုင်ငံ အမျိုးသားနေ့နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ကူဝိတ် သံရုံးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
(သတင်းစဉ်)


