ကဝ ဒီဇင်ဘာ ၁၅

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု  မရှိစေရေးအတွက် ရွေးကောက်ပွဲ  အသိပညာပေး မြေစိုက်ပိုစတာကို ဒီဇင်ဘာ  ၁၁ ရက်က ပဲခူး-ကဝ  လမ်းမကြီးဘေးတွင် စိုက်ထူပြီး လူစည်ကားရာနေရာများနှင့် မြို့နယ်စည်ပင်သာယာဈေးတို့တွင်  “ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

 

မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)