ကယ်လီဖိုးနီးယား အောက်တိုဘာ ၁၇
ကယ်လီဖိုးနီးယားဒေသခံ ၁၀ သန်းကျော်သည် နှစ်စဉ်ပြုလုပ်သည့် ပြည်နယ်အဆင့် ငလျင် ကာကွယ်ရေး လေ့ကျင့်မှုတွင် အောက်တိုဘာ ၁၆ ရက်က ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါလေ့ကျင့်မှုသည် ပြည်သူများ၏ အသိအမြင် မြှင့်တင်ရန်နှင့် ကြီးမားသောငလျင်ကြီးများနှင့် ကြုံတွေ့သည့်အခါ တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၆ မိနစ်က ပြည်နယ်တစ်ဝန်းဒေသခံများသည် ၎င်းတို့၏ နေ့စဉ်ဆောင်ရွက်ဖွယ်ကိစ္စ များကို ရပ်နားကာ ငလျင်လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည်။
ယခုနှစ်အတွင်းပြုလုပ်သည့် ငလျင် လေ့ကျင့်ခန်းတွင်ပါဝင်ရန် ကယ်လီဖိုးနီးယား ဒေသခံ ၁၀ ဒသမ ၄ သန်း စာရင်းပေးသွင်းခဲ့ကြသည်ဟု ကျင်းပရေးကော်မတီ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
အဆိုပါလေ့ကျင့်မှုသည် လူတစ်ဦးချင်း၊ ကျောင်းများနှင့် ရပ်ရွာလူထုအား ငလျင်ဒဏ်ခံနိုင်ရေး ဆောင်ရွက်ချက်များ လေ့ကျင့်နိုင်ခွင့်၊ အရေးပေါ်အစီအစဉ်များ ပြန်လည်သုံးသပ်ခွင့်နှင့် သဘာဝဘေးအတွက် အထောက်အပံ့ပစ္စည်းများပေးအပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ဆင်ဟွာ


