ဗီယင်ကျန်း အောက်တိုဘာ ၂၁
လာအိုနိုင်ငံဖွံ့ဖြိုးရေးတွင် လိုအပ်သည့် မူဝါဒများချမှတ်နိုင်ရေးအတွက် ငါးကြိမ်မြောက် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုဝင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း လာအိုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တိကျမှန်ကန်သည့် အချက်အလက်များကို ကောက်ယူစုဆောင်းဆောင်ရွက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ လူဦးရေအရွယ်အစား၊ အိမ်ရာအချက်အလက်များ၊ အလုပ်အကိုင်ရရှိမှုအခြေအနေ၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အချက်အလက်များနှင့် မှီခိုသူများဆိုင်ရာအချက်အလက်များကို တိကျစွာသိရှိရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆိုနီဆေးဆီဖန်ဒုံးက မြို့တော် ဗီယင်ကျန်းတွင် ကျင်းပသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစတင်သည့် အခမ်းအနားတွင် ပြောကြားသည်။ ကောက်ယူရရှိသည့် အချက်အလက်များကို နိုင်ငံသားများအတွက် လူမှုစီးပွားဘဝမြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် အကိုးအကားအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


