တိုကျို ဒီဇင်ဘာ ၁၇

ဂျပန်အစိုးရသည် လာမည့်ဘဏ္ဍာနှစ်အတွက် စံချိန်တင်များပြားသည့်  ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၉ ထရီလီယံကျော်၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၁၂ ဘီလီယံခန့်  တောင်းခံရန် စီစဉ်လျက်ရှိသည်။

ယခုတောင်းခံမည့် ကာကွယ်ရေးအသုံးစရိတ်သည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်သောပမာဏဖြစ်ပြီး ဒရုန်းအခြေစိုက်ကမ်းရိုးတန်းကာကွယ်ရေးစနစ်နှင့် တန်ပြန် တိုက်ခိုက်ရေးစွမ်းရည်စနစ်များ ပါဝင်မည်ဖြစ်သည်။

လက်ရှိကာကွယ်ရေးတည်ဆောက်မှုအစီအစဉ်အရ ဂျပန်အစိုးရသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်ကြား ယန်း ၄၃ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၇၇ ဒသမ ၆၇ ဘီလီယံခန့်)သုံးစွဲရန် စီစဉ်ထားသည်။  ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်   တိုင်ပင်ဆွေးနွေးမှုများ  ပြုလုပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်တပ်ဖွဲ့ ပြန်လည်ပြောင်းလဲမှုနှင့် ဆက်စပ်အသုံးစရိတ်များအပါအဝင် ၎င်း၏ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်စာရင်းပြုစုမှုသည် နောက်ဆုံးအဆင့် ထိရောက်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက  ရန်သူ့လက်နက်များ အလှမ်းမမီနိုင်သည့် အကွာအဝေးပြင်ပမှ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် ကာကွယ်ရေးစွမ်းရည်တစ်မျိုးကို မြှင့်တင်ရန် စီစဉ်ထားသည်။  အဆင့်မြှင့်တင်ထားသည့် ပြည်တွင်းထုတ် Type-12 မြေပြင်မှ သင်္ဘောပစ်ဒုံးကျည်များ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄  ဘီလီယံခန့်လျာထားသည်။ နောက်ထပ်အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၇၂ သန်းကို အသံထက်မြန်သောလက်နက်များ ဝယ်ယူရန် ခွဲဝေသတ်မှတ်ထားသည်။               

အင်န်အိတ်ချ်ကေ