နယူးဒေလီ ဩဂုတ် ၁၃
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် လာမည့်လအတွင်း နယူးယောက်မြို့၌ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မည်ဖြစ်ပြီး တက်ရောက်စဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း ပြည်တွင်းသတင်းစာဖြစ်သည့် Indian Express တွင် ဩဂုတ် ၁၃ ရက်က ဖော်ပြထားသည်။
သတင်းစာ၏ ဖော်ပြချက်အရ စက်တင်ဘာလနောက်ဆုံးပတ်တွင် သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမည့် အဓိကအကြောင်းအရာမှာ ကုန်သွယ်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းရန်နှင့် အခွန်စည်းကြပ်မှုဆိုင်ရာ ဘုံသဘောတူညီချက်ရရှိရန်ဖြစ်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
ဆင်ဟွာ


