လားရှိုး ၂၆  ဖေဖော်ဝါရီ 



ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၊ ခရိုင်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လားရှိုးမြိုးမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆိုင်ကယ်စီး ဦးထုပ်ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးသရုပ်ပြသခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။



အခမ်းအနားတွင် ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းရွှေ တို့၏ စီစဉ်မှုနှင့်အတူ အလှူရှင်များပါဝင်လှူဒါန်းပေးသော၊ ဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀ဝ နှင့်အမှတ်တရ တီရှပ်အင်္ကျီအထည် ၁၀ဝ ကို ပေးအပ်ဝေငှခဲ့သည်။

 

123


ထို့နောက် အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းမြောက်)၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ၊ လားရှိုးခရိုင်တပ်ဖွဲ့စုမှူးဒုတိယရဲမှူးကျော်ခိုင် "ရေနွေးကြမ်းရဲမင်းသား"နှင့် လားရှိုးမြို့ အထက(၂)(၃)(၄)(၇)၊ အထကခွဲ၊ အလက(၂)မှ ကျောင်းသားကျောင်းသူလေးများမှ ယာဉ်စည်းကမ်း လမ်း စည်းကမ်း အသိပညာပေးခြင်းကို ယာဉ်မောင်းသူ၊ စီးနင်းသူများ နားလည်လိုက်နာလာစေရန်ရည်ရွယ်၍ သရုပ်ပြသခြင်း ပြုလုပ်ခဲ့ကြသည်။ 



ဆက်လက်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့်မေးခွန်းများကို တက်ရောက်လာကြ သူများအား မေးမြန်းခဲ့ပြီး 
မေးခွန်းဖြေဆိုနိုင်သူများအားလုံးကို ဆိုင်ကယ်စီး ဦးထုပ်များ၊ အမှတ်တရ ရှပ်အင်္ကျီများကို ချီးမြှင့်ခဲ့သည်။



 ယင်းနောက် လားရှိုးမြို့တော်ခန်းမမှစ၍ CAMPAIGN အစီအစဉ်အရ မြို့တစ်ပတ် ဆိုင်ကယ်စီးနင်း၍ သရုပ်ပြသခြင်းကို ပြုလုပ်ခဲ့ပြီး လားရှိုးမြို့စက်ဘီးချစ်သူများအဖွဲ့ကလည်း ပါဝင်စီးနင်းခဲ့ကြကြောင်း သိရသည်။ 


 ဟန်ဌေး(လားရှိုး)


 

123