လားရှိုး     နိုဝင်ဘာ   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌   ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးကြပ်၍ ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို   ယနေ့  မွန်းလွဲပိုင်းက ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ လားရှိုးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက  အားကစားသစ္စာ အဓိဋ္ဌာန်  ၄  ချက်အား  စုပေါင် ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက အားကစားပြိုင်ပွဲ   အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး    အကအဖွဲ့များမှ ကပြဖျော်ဖြေသည်။

အဆိုပါ     ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ   ၁၂  ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း     စုစုပေါင်း အသင်း   ၃၀  ပါဝင်ယှဉ်ပြိုင်ကာ    အုပ်စုပွဲစဉ်၊ ပထမအဆင့်  ရှုံးထွက်ပွဲစဉ်၊    ကွာတားဖိုင်နယ်ပွဲစဉ်၊    ဆီမီးဖိုင်နယ်ပွဲစဉ်၊    တတိယဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ  စသည်ဖြင့်  ပွဲစဉ်များအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)