Latest News

နောက်ဆုံးရသတင်းများ

ထန်းတပင်မြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ပြည်တွင်း

30/03/19

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (အခမဲ့) ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်စာအုပ်လမ်း မိုးရာသီခေတ္တပိတ်ပွဲတွင် စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိတို့ ပါဝင်

ပြည်တွင်း

30/03/19

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်းမှ စာအုပ်ဆိုင်များ၏ ပွင့်လမ်းရာသီ ဖွင့်လှစ်ရောင်းချပြီးနောက် မိုးရာသီတွင် ခေတ္တရပ်နားမည်ဖြစ်၍ စာအုပ်ရောင်းရာသီ ခေတ္တပိတ်ပွဲနှင့်အတူ တနဂငေ်္နွနေ့တွင် စာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေပဟေဠိအစီအစဉ်များ စီစဉ်ထားကြောင်း သိရသည်။ 

အာဆီယံဒေသတွင်း ဒုတိယအကြီးဆုံး PRO 1 Global Home Center ( တောင်ကြီး) ဖွင့်လှစ်

ပြည်တွင်း

30/03/19

အာဆီယံဒေသတွင်း ဒုတိယအကြီးဆုံး  လူသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာ PRO 1 Global Home Center (Ayetharyar Branch) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

လာမည့် ဧပြီ ၁ ရက် တွင် ကျပ် ၁၀ဝ၀ တန် နှင့် ကျပ် ၅၀ဝ တန် ထီဖွင့်ပွဲ ဖွင့်လှစ်ပေးမည်

ပြည်တွင်း

30/03/19

အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက်(၈)နာရီတွင် စတင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပေါင်းစုံ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

အားကစား

30/03/19

ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လမ်းမတော်မြို့နယ် Maximun ဘိလိယက်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ပထမဆုံးအကြိမ် ပြုလုပ်မည့် စက်ရုပ်ပြိုင်ပွဲအတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဖန်တီးရာမှ စတင်ခေါ်ယူ

ပြည်တွင်း

30/03/19

မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်ရုပ်ပြိုင်ပွဲဖြစ်သည့် Myanmar RoboLeague 2019 ကို ဖန်တီးရာမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို စတင်ခေါ်ယူနေပြီ ဖြစ်သည်။ 

ကလေးစာပေပွဲတော် (ပဲခူး) သို့ စာပေနှင့် အနုပညာရှင်များလည်း ပါဝင်ဆင်နွှဲ

ပြည်တွင်း

30/03/19

မတ်လ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပဲခူးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိရာ တတိယနေ့တွင် ပွဲတော်လာသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ရန်ကုန်ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြအဆောက်အအုံ ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

ပြည်တွင်း

30/03/19

ရန်ကုန်မြစ်ဝမှ ရေမိုင် (၂၀) ခန့်ကွာဝေးသည့် ကမ်းလွန်ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံ (Offshore Fixed Pilot Station) ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဆူးလေရှမ်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။

ဓမ္မာစရိယ စာမေးပွဲ ဆက်လက်ကျင်းပ

ပြည်တွင်း

30/03/19

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ဓမ္မာစရိယစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ (ပထမနေ့) ကို နိုင်ငံတဝှမ်းလုံးရှိ စာဖြေဌာနများတွင် စာဖြေသံဃာတော် နှင့် သီလရှင် များစာရင်းသွင်း ၁၉၂၈၅ ပါးအနက် ၁၅၁၁၆ ပါး ဖြေဆိုကြသဖြင့် ၇၈ ဒသမ ၃၈ ရာခိုင်နှုန်းဖြေဆိုခဲ့ကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 

သန်လျင် ကျိုက်ခေါက်စေတီတော်၌ နှစ်ဦးအကြို အထူးဓမ္မပူဇာသဘင် ကျင်းပမည်

ပြည်တွင်း

30/03/19

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်၏ (စတုတ္ထအကြိမ်) ၁၃၈၁ ခုနှစ် နှစ်ဦးအကြို အထူးဓမ္မပူဇာသဘင်ပွဲကို မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း