Latest News
နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဌဦးထွန်းထွန်းဟိန် အမေရိကန်နိုင်ငံသံအမတ်ကြီးနှင့် နော်ဝေနိုင်ငံသံ အမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ
14/03/19
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel နှင့် နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Mrs. Tone Tinnes တို့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌဌရုံးခန်း၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ဧပြီလကုန်တွင် အပြီးဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိ
14/03/19
ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဗဟို ကော်မတီတစ်ရပ်နှင့် ဆပ်ကော်မတီခုနစ်ရပ်ဖွဲ့ပြီး ဧပြီလကုန်တွင် အပြီးဆောင် ရွက်နိုင်ရန် စီစဉ်နေကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဝင်းနိုင်က ပြောသည်။
တိုးမြှင့်ပင်စင်ငွေပေးမိန့်များ စိစစ်တွက်ချက်၍ မြန်မာ့စီးပွားရေး ဘဏ်ခွဲများသို့ နေ့စဉ်ပေးပို့လျက်ရှိ
14/03/19
နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစတင်၍
နမ့်ခမ်းနှင့် နန်းယွန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး
14/03/19
နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာမြောက်ဘက် ၄ မိုင်ခန့် အကွာ၌ အမြင့် ၁ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား မတ် ၁၃ ရက်တွင် ပန်ဆေးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ဇော်မျိုးမင်း ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကျင်းပ
14/03/19
နေပြည်တော် ၁၄ မတ်
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကျင်းပ
14/03/19
သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီး
14/03/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေ
14/03/19
နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး(၆/ ၂၀၁၉) ကျင်းပ
14/03/19
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေး(၆/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာ စံရွှေဝင်း Westminster Foundation for Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir. Hugh Bayley အား တွေ့ဆုံ
14/03/19
နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အဖတ်များဆုံး သတင်း
- 16/Jan/2026