Latest News

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဘားအံမြို့ရှိ တက္ကသိုလ်များ၊ ပညာရေးကောလိပ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ

ပြည်တွင်း

11/03/19

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် ဘားအံမြို့ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၉ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (ဘားအံ)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကျင်းပ

ပြည်တွင်း

11/03/19

ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြိ်ု့ ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

11/03/19

ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်အား ပျက်စီးစေပြီး လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ရေရှည်စဉ်ဆက်မပြတ်သော အခြားနည်းလမ်းများအား ရှာဖွေဖော်ထုတ်ခြင်းတို့ကို အတူအတွ ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ပြီး  ၂၀၁၉  ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်မြို့တွင် LED မီးအလုံးပေါင်း သန်းတစ်ရာဖြင့် မီးအလှပွဲတော် ကျင်းပမည်

ပြည်တွင်း

11/03/19

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနာလမ်း ခေတ္တရာဧရာပန်းခြံ သဲသောင်ပြင်၌ LED မီးအလုံးပေါင်း သန်းတစ်ရာဖြင့် မီးအလှဆင်ပြသမည့် LED မီးအလှပွဲတော်ကြီးကို တက္ကသိုလ်ဝင်စာမေးပွဲများအပြီး မတ် ၁၆ ရက် ညနေပိုင်းမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲကာလတွင်း၌ မင်းဘူး-ရွှေစက်တော်သွားလမ်းပိုင်းများ ပြုပြင်နေခြင်းအပေါ် ဝေဖန်မှုများရှိနေ

ပြည်တွင်း

11/03/19

မင်းဘူးမြို့နှင့် မန်းရွှေစက်တော်ခရီးလမ်းကို ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရန် လမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း နှစ်စဉ်မန်းရွှေစက်တော် ဘုရားဖူးရာသီကာလနှင့် တိုက်ဆိုင်စွာ လုပ်ဆောင်နေခြင်းကြောင့် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေး

ပြည်တွင်း

11/03/19

မတ် (၁၁)ရက် မွန်းလွဲ (၂)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။

စာပေချစ်သူများအဖွဲ့နှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းကျင်းပ

ပြည်တွင်း

11/03/19

နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စာပေချစ်သူများအဖွဲ့နှင့် စာပေဝါသနာရှင်များ စုပေါင်းကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပသည်။

ဘုတလင်မြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ပြည်တွင်း

11/03/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် Tech United Power ကုမ္ပဏီတို့ ပူးပေါင်းပြီး ဘုတလင်မြို့နယ်၊ ဆည်ဝကျေးရွာ၊ ကွင်းအမှတ်(၁၄၅)တွင် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်းကို ယခုမတ်လဆန်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၏ ပြောပြချက်အရ သိရသည်။