Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြဝတီမြို့၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများအား အားပေးစကားပြောကြား
11/03/19
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးတို့သည် ယမန် နေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆို နေကြသည့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
မန္တလေး၌ တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်
11/03/19
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား ဖမ်းဆီးအရေးယူ
11/03/19
မိတ္ထီလာမြို့နယ် ရတနာမာရ်အောင်ရပ်ကွက်နယ်မြေ ရေကျော် ၂ ပေါက်အနီးရှိ မိတ္ထီလာ-သာစည် ကားလမ်းဘေး မှောင်ရိပ်အတွင်း၌ ပိုင်ဆိုင်မှုအထောက်အထားမရှိသော ဆိုင်ကယ်သုံးစီးနှင့် လူ ၆ ဦးအား မတ် ၁ဝ ည ၁၁ နာရီက တွေ့ရ၍ နယ်မြေလှည့်ကင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ပဲမျိုးစုံလှိုင်လှိုင်ပေါ်ရာသီကာလ၌ မန္တလေး ပဲဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်စည်ကားနေ
11/03/19
ယခုရာသီကာလသည် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိလာသည့် ပဲမျိုးစုံများ မန္တလေးဈေးကွက်အတွင်းသို့ လှိုင်လှိုင်ပေါ် ဝင်ရောက်လာသော်လည်း အရောင်းအဝယ်များ တုံ့ဆိုင်းသွားခြင်းမရှိ သွက်လက်မြန်ဆန်စွာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း မန္တလေးမြို့ရှိ ပဲကုန်သည်များထံမှ သိရသည်။
ကျုံးပတ်လည်တွင် လက်တွန်းလှည်း၊ ဗန်းရွက်ဈေးသည်များ ဧပြီလ ၁ ရက်မှ စတင်ကာ လိုင်စင်လျှောက်ထားနိုင်
11/03/19
မန္တလေးမြို့ကျုံးပတ်လည်တွင် ဈေးရောင်းချမည့် လက်တွန်းလှည်း ၊ဗန်းရွက်ဈေးသည်များကို ဧပြီလ ၁ ရက်မှ စတင်ကာလိုင်စင်များချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
သီးနှံစိုက်ပျိုးရေ ပေးဝေရန်အတွက် စစ်ကိုင်းခရိုင်မှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ အသင့်စီစဉ်ထားပြီးဖြစ်
11/03/19
စစ်ကိုင်းခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီ၌ လျာထားသီးနှံများကို ----
မိုင်းယုမြို့၌ One Stop Shop ဝန်ဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲ
11/03/19
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် OSS ဝန်ဆောင်မှုရုံးမှ ပြည်သူတို့၏ လိုအပ်ချက်များကို
ချောက်မြို့နယ် ဆင်ကကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
11/03/19
ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် မတ် ၁၀ ရက် ည ၉ နာရီ မိနစ် ၄ဝ ခန့်က ကျေးရွာနေ ဦးရန်ကြီးအောင်၏ နေအိမ် ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ နေအိမ်ထန်းရွက်အကာသို့ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မယ်စဲ့တွင် တယ်လီဖုန်းလိုင်း တပ်ဆင်မှုအား ကန့်ကွက်မှုများရှိနေ၍ ရှင်းလင်းပွဲပြုလုပ်
11/03/19
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အော်ရီဒူးတယ်လီဖုန်းလိုင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ နှစ်ဦးသဘောတူ ငှါးရမ်းအသုံးပြု ဆောင်ရွက်ခဲ့မှုအပေါ် အစိုးရအဆင့်ဆင့်၏ ခွင့်ပြုချက်များကို အသိပေးတင်ပြမှု၊ ညှိနှိုင်းမှုမရှိဘဲ တာဝါတိုင်တည်ဆောက်ခြင်းအား သံဃာတော်များနှင့် ပြည်သူလူထုမှ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ သံဃာတော်များ၊ ဒေသခံပြည်သူများအား ချပြရှင်းလင်းဆွေးနွေးပွဲကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ခင်ဦးမြို့နယ်၌ ကျေးရွာပေါင်း (၃၇)ရွာ မီးလင်းရေး ဆောင်ရွက်လျက်ရှိ
11/03/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်ကို