Latest News
နောက်ဆုံးရသတင်းများ
တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြန်မာစာ ဘာသာဖြေဆိုသူ ၈၅၁၅၇၀ ရှိ
06/03/19
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့ စတင်ဖြေဆိုကြသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂၁၇၅၉ ဦး ဝင်ရောက်ဖြေဆို
06/03/19
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ရေနေ့(၂ဝ၁၉) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
06/03/19
ကမ္ဘာ့ရေနေ့ (၂ဝ၁၉) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် နယ်သာလန်နိုင်ငံ BRAC International ၏ Executive Director တို့ တွေ့ဆုံ
06/03/19
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် နယ်သာလန်နိုင်ငံ BRAC International ၏ Executive Director Mr. Faruque Ahmed တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေဆုံကြသည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ReCAP အဖွဲ့တို့ပူးပေါင်း၍ ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
06/03/19
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ReCAP အဖွဲ့တို့ ပူးပေါင်း၍ ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ် ထုတ်လုပ်နိုင်ရေး (Development of a Design Manual for Low Volume Rural Roads) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ
06/03/19
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေး တောသင်္ကြန်တွင် နေ့ရောညပါ ရောင်းချခွင့်ပေးမည့် ဆိုင်ခန်း ၂၁၈ ခန်းကို ကျပ်နှစ်သိန်းနှုန်းဖြင့် ဦးရာလူစနစ်ကို ရောင်းချပေးမည်
06/03/19
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲရောင်းချမည့် တောသင်္ကြန်ဈေးတန်း ဆိုင်ခန်းခနှုန်းထားများကို ငွေကျပ် ၂ သိန်းဖြင့် ရောင်းချကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
06/03/19
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Martin Tlapa နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa အားလက်ခံတွေ့ဆုံ
06/03/19
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အင်ဒိုအစိုးရမှ ဆန်စပါးတင်ဒါခေါ်ယူရာတွင် မြန်မာကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်း
06/03/19
အင်ဒိုနီးရှားနိုင်ငံမှ ဆန်စပါးဝယ်ယူရန်အတွက် တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံရှိ ဆန်တင်ပို့သည့် ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
အဖတ်များဆုံး သတင်း
- 13/Jan/2026