Latest News

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ 

ပြည်တွင်း

03/03/19

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မတ် ၂ ရက် မွန်းလွဲ ၃ နာရီက ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၁၈ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့် ကောက်ခံပြီးစီး

ပြည်တွင်း

03/03/19

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်

မင်းဘူးမြို့ရှိ လူစည်ကားရာနေရာများတွင် မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ပြည်တွင်း

03/03/19

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်စေရန်နှင့် မှုခင်းများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ လူစည်ကားရာ နေရာဖြစ်သည့် ကားကြီးကွင်း အနီးတွင် မတ် ၂ ရက် နံနက် ၁၀ နာရီခွဲခန့်က မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်တွင်း

03/03/19

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေလက်ဝဲမြောင်း ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ADSP စီမံကိန်းဧရိယာတွင် နွေစပါးစိုက်ပျိုးရေ စတင်ပေးဝေနေမှုအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ မတ် ၁ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယနေ့နံနက် တိုင်းတာရရှိသော မြစ်ရေအခြေအနေ

မိုးလေဝသ

03/03/19

နေပြည်တော် ၃ မတ်

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၆ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ထုတ်ပြန်ခဲ့ရာ ဖော်ပြပါအတိုင်းဖြစ်သည်။
 

ယနေ့အတွက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

မိုးလေဝသ

03/03/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်ကို

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

ပြည်တွင်း

03/03/19

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၆)ကြိမ်မြောက် အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌမှ တိုက်ကြီးမြို့နယ်ဆေးရုံသို့ ECG နှစ်လုံးဓာတ်မှန်စက်လှူဒါန်း

ပြည်တွင်း

03/03/19

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ တိုက်ကြီးမြို့နယ်ဆေးရုံသို့ ECG နှစ်လုံးဓာတ်မှန်စက် လှူဒါန်းခြင်း အခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။