Latest News

နောက်ဆုံးရသတင်းများ

မြေ၊ အဆောက်အဦ အတိုင်းအတာ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

ပြည်တွင်း

01/11/22

နေပြည်တော် နိုဝင်ဘာ ၁ 

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ၊ မြေ ၊ အဆောက်အဦ အတိုင်းအတာစိစစ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက် လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ် အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ စုပေါင်း သွေးလှူဒါန်း

ပြည်တွင်း

01/11/22

နေပြည်တော် နိုဝင်ဘာ ၁

(၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၊ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း 

ပြည်တွင်း

01/11/22

နေပြည်တော် နိုဝင်ဘာ ၁ 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။