လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်သူများStandup Paddleboarding (SUP) စီးနင်းသူ များပြားလာ

 

ရန်ကုန်၊ ဇန်နဝါရီ ၃၀

 

ရန်ကုန်မြို့အနီးက သဘာဝအလှတရားကို ခံစားနိုင်သောလှော်ကားဥယျာဉ်သို့ လာရောက် လည်ပတ်သူများသည်  Standup Paddleboarding  (SUP) စီးနင်းသူ များပြားလာကြောင်း  အဆိုပါဥယျာဉ်၏  တာဝန်ရှိသူတစ်ဦးထံမှ မေးမြန်းချက်အရ သိရသည်။ လှော်ကား ဥယျာဉ်တွင် သစ်တောသစ်ပင်များ၏ သဘာဝ အလှနှင့်အတူ  အေးချမ်းသာယာမှုကို ခံစားနိုင်မည်ဖြစ်ကာ  SUP စီးနင်းကာ အပန်းဖြေသူများ ယခင်ထက် များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

 

 လှော်ကား ဥယျာဉ်အတွင်း SUP ကို တစ်ဦးလျှင် ငွေကျပ် ၁၈၅၀၀ ဖြင့် ပိတ်ရက်မရှိ နေ့စဉ် လာရောက်စီးနိုင်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လာရောက်စီးနင်းသူဦးရေ များပြားကြောင်း သိရသည်။

“SUP မတ်တပ်ရပ် လှေလှော်တာ နေ့တိုင်းစီးလို့ရပါတယ်။ ပိတ်ရက်မရှိပါဘူး။ ဘေးနားမှာ Guide လည်းပါမယ်။ ကိုယ်က အဲဒီလှေကို မလှော်ခင်မှာလည်း သူတို့ကဘယ်လိုလှော်ရမလည်းဆိုတာ သင်ပြပေးပါတယ်။ စီးတဲ့သူဦးရေကတော့များတယ်။ စနေ၊ တနင်္ဂနွေဆိုလည်း စီးတဲ့သူတော်တော်များတယ်။ ကြားပိတ် ရက်တွေကတော့ စီးတဲ့သူအရေအတွက် အသင့်အတင့်ပဲ ရှိပါ တယ် ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

SUP သည် ရေလွှာလျှောစီးခြင်း (Surfing) မှ အစပြုလာသော Water Sport တစ်မျိုးဖြစ်ပြီး SUP စီးနင်းရာတွင် SUP rider များ က Board ပေါ်တွင် မတ်တတ်ရပ်ပြီး Paddle ကို အသုံးပြု စီးနင်းကြကာ ဟာဝိုင်ယီကျွန်းစုများမှ စတင်ပေါ်ပေါက်လာသော Water Sport Activity တစ်ခုဖြစ်သည့် အပြင် Paddle boarding နဲ့ Yoga practice ပေါင်းစပ်ပြီး SUP Yoga လေ့ကျင့်ကြသူများလည်း ရှိသည်ဟု သိရသည်။

ယခုမှစတင်စီးနင်းမည့်သူများအတွက်လည်း လှော်ကားဥယျာဉ်မှ ကျွမ်းကျင်သည့် Trainers များက အနီးကပ် သင်ပြပေးသွားမည်ဖြစ်၍ အတွေ့အကြုံ လုံးဝမရှိသည့် Beginners များပါပျော်ပျော်ရွှင်ရွှင် စီးနင်းနိုင်ကြောင်း လှော်ကားဥယျာဉ်မှ သိရသည်။

 

 MT