လောင်းလုံး နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယ အကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း ကို လောင်းလုံးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် လောင်းလုံးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်‌ချုပ် ရေးမှူး ဦးအောင်မြတ်ထိုက်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက အဖွဲ့ငယ်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ပုံစံ-၃၊ ပုံစံ-၄၊ ပုံစံ-၄(ဂ) များ တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)