လေးမျက်နှာ ၂၁ ဖေဖော်ဝါရီ


 
မူကြိုအရွယ် ကလေးငယ်လေးများ၏ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန် ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်သည့် အလေ့အထကောင်းများရှိလာစေရန်   အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ ပျော်ရွှင်မှုရှိစေရန်၊ စိတ်တည်ငြိမ်မှုရှိစေရန်နှင့် အရောင်များအား မည်ကဲ့သို့ အသုံးပြုရမည်ကို သိရှိစေရန် ရည်ရွယ်၍ မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

201363

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ 

 

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် လေးမျက်နှာမြို့နယ် မူကြိုကျောင်းမှ ကျောင်းသား ကျောင်းသူ  ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ  အသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN