ဟနွိုင်း ဒီဇင်ဘာ ၃
လေထုအရည်အသွေးကျဆင်းနေချိန်တွင် ဗီယက်နမ်မြို့တော် ဟနွိုင်းရှိ အာဏာပိုင်များက ဒေသခံပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားနေသူများကို ပြင်ပလှုပ်ရှားဆောင်ရွက်မှုများမလိုအပ်ဘဲ လုပ်ဆောင်ခြင်းမပြုရန်နှင့် နှာခေါင်းစည်းတပ်ဆင်ရန် အကြံပြုတိုက်တွန်းထားကြောင်း နေ့စဉ်သတင်းစာ ဆက်ခ်ခိုးနှင့် ဒွိုင်ဆောင်တွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြခဲ့သည်။
မြို့တော်ကျန်းမာရေးကဏ္ဍက နံနက်ပိုင်းအချိန်နှင့် ညအချိန်များတွင် ပြင်ပထိတွေ့မှုများ မပြုလုပ်ကြရန် အကြံပေးထားကြောင်း သိရသည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပိုဆိုးလာချိန်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများကို လိုအပ်သော ဆေးဘက်ဆိုင်ရာ ကုသမှုများလုပ်ဆောင်နိုင်ရန် မြို့တော်အတွင်းပိုင်း ဒေသများရှိ ဆေးရုံများကို အသင့် ပြင်ဆင်ထားသည်။
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ ပိုဆိုးလာချိန်တွင် ကျောင်းသားများ၏ ဘေးအန္တရာယ်ကင်းရေးကို အကောင်းဆုံးကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် စာသင်ကျောင်းများကို ညှိနှိုင်းဖွင့်လှစ်ရန် ဒေသအာဏာပိုင်များက တိုက်တွန်းထားသည်။
လူနေဒေသများ၊ ပန်းခြံများနှင့် အဓိကလမ်းမကြီးများကို ဖုန်နှင့်အမှုန်အမွှားများလျော့နည်းစေရန်နှင့် လေထုအရည်အသွေးကျဆင်းမှုကို တိုးတက်ကောင်းမွန်စေရန် မြူနှင်းတုများ ဖျန်းပက်ပေးမည်ဖြစ်သည်။
ဆင်ဟွာ


