လိဒ်စ်အသင်းသည် စီးရီးအေကလပ်  အေစီမီလန်အသင်း   တိုက်စစ်ကစားသမား နိုအာအိုကာဖော် ကို  ပြောင်းရွှေ့ကြေး  ပေါင် ၁၈ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအပြောင်း အရွှေ့ကြောင့် ပရီမီယာလိဂ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင်  ကစားသမားခေါ်ယူမှုအတွက်   အသုံးစရိတ် ပေါင် ၂ ဒသမ ၃၇ ဘီလီယံအထိ ရှိလာပြီး စံချိန်သစ်တင်ခဲ့သည်။

ပရီမီယာလိဂ်အသင်းများသည် ၂၀၂၃ ခုနှစ် နွေရာသီက ကစားသမားခေါ်ယူမှုများအတွက် အသုံးစရိတ်စုစုပေါင်း   ပေါင်  ၂ ဒသမ  ၃၆ ဘီလီယံဖြင့်    စံချိန်တင်ထားခြင်းဖြစ်သည်။ ဆွစ်ဇာလန်      တိုက်စစ်ကစားသမားသည် လိဒ်စ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို    ချုပ်ဆိုခဲ့ကြောင်း    သိရသည်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်ကစားသမား အိုကာဖော်သည် ယခုရာသီတွင် လိဒ်စ်အသင်း ခေါ်ယူသည့် ကိုးဦးမြောက်ကစားသမား ဖြစ်လာခဲ့သည်။ ၎င်းသည်မိခင်နိုင်ငံ ဆွစ်ဇာလန်အသင်းအတွက် ၂၄  ပွဲ ပါဝင်ကစားထားပြီး   နှစ်ဂိုးသွင်းယူပေးထားသည်။   ထို့အပြင် ဘေဆယ်နှင့် ဆောလ်ဘတ်တိုက်စစ်ကစားသမားဟောင်း  အိုကာဖော်သည် အေစီမီလန်အသင်းအတွက်လည်း   ၅၄  ပွဲ ပါဝင်ကစားထားကာ ခုနစ်ဂိုးသွင်းယူပေးထားသည်။

အောင်ဇော်