လိဂ်ဝမ်းကလပ် လူတန်တောင်းအသင်းသည် လိဂ်ဝမ်းအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၁)အဖြစ် အောက်တိုဘာ ၄ ရက်က အမှတ်ပေးဇယားဦးဆောင်သူ စတီဗင်နော့ဂ်အသင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် မတ်သ်ဘလွန်းဖီးလ်ကို  နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ဘလွန်းဖီးလ်သည်  ဝိုင်ကမ်ဘီအသင်းမှ   ထွက်ခွာပြီးနောက် ဇန်နဝါရီတွင် လူတန်တောင်းအသင်း နည်းပြဖြစ်လာသူဖြစ်သည်။ ၎င်းသည် လူတန်တောင်းအသင်းကို နည်းပြစဉ်တွင် ပွဲပေါင်း  ၃၃  ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာ ၁၂ ပွဲနိုင်၊ ခုနစ်ပွဲသရေနှင့် ၁၄ ပွဲအထိ ရှုံးနိမ့် ထားသည်။

ဘလွန်းဖီးလ်ကို  အသင်းမှ   ထုတ်ပယ်လိုက်ပြီးနောက်   လူတန်တောင်းအသင်းကို လူတန်တောင်း ကစားသမားဟောင်းဖြစ်သူ အဲလက်လောလက်စ်က ယာယီတာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။  လူတန်တောင်းအသင်းသည်  လိဂ်ဝမ်းအမှတ်ပေးပြိုင်ပွဲတွင် ၁၁ ပွဲ ယှဉ်ပြိုင်ကစားပြီး ငါးပွဲနိုင်၊ တစ်ပွဲသရေနှင့် ငါးပွဲ ရှုံးရလဒ်ရရှိထားသည်။

အောင်ဇော်