နေပြည်တော် နိုဝင်ဘာ ၂၈

လွိုင်လင်မြို့၌  ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) တစ်တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ညနေ နာရီတွင် လွိုင်လင်မြို့ ရပ်ကွက်(၂) လွိုင်လင် - တောင်ကြီးသွား ကားလမ်းတွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျီတော်ရွာနေ တင်မျိုးထွန်း  )၄၂နှစ်) မောင်းနှင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားဖရွာနေ ဇော်ဂွန်း( ၂၈ နှစ်) လိုက်ပါလာသော NISSAN ခြောက်ဘီး  ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ  အိုက်စ် (မက်သ်အဖက်တမင်း)) ဒသမ ၁၁၇ တန်(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်( မက်သ်အဖက်တမင်း)များကို သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး )ခ)ဂွန်ဂျာအောင် ဖမ်းဆီးရန်ကျန်နှင့်  ကွတ်ခိုင်မြို့နယ်  ကောင်းခါးရွာနေ တန်ဂွန်(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်